Local News

မုံရွာမြို့ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ပဲမျိုးစုံဈေးနှုန်းများ ယခင်အပတ်နှင့်ယခုအပတ် နှိုင်းယှဉ်မှုအခြေအနေ

Last Updated:

ဧပြီလ ဒုတိယပတ်အတွင်း မုံရွာမြို့ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်နေသည့် လယ်ယာထွက်ကုန်သီးနှံများဖြစ်သော မတ်ပဲ၊ ပဲတီစိမ်းသေး၊ ပဲလွန်းပြာ၊ ပဲနီလုံးရိုးရိုး၊ ပြောင်းနီဈေးငြိမ်၍  ဂျုံဖြူသန့်၊ ဂျုံထွက်တိုး၊ ပဲကြီး၊ ပဲနီလုံးကြား၊ ပုဂံပဲ၊ ပဲယင်းဝါ၊ ဈေးအနည်းငယ်ကျဆင်းနေပြီး ပဲစင်းငုံ၊ ပြောင်းဖူးစေ့၊ ကုလားပဲဖြူလုံးကြီး၊ ကုလားပဲဖြူလုံးသေး၊ ကုလားပဲ 929 ဈေးနှုန်းများ မြင့်တက်နေကြောင်းသိရသည်။ယခုတစ်ပတ်အတွင်း သီးနှံတစ်တင်းပေါက်ဈေးနှုန်းများမှာ ဂျုံဖြူသန့် (၅၀၀၀၀)ကျပ်၊ ဂျုံထွက်တိုး (၄၀၀၀၀)ကျပ်၊ ပဲကြီး (၈၃၀၀၀-၈၆၀၀၀)ကျပ်၊ မတ်ပဲ (၉၀၀၀၀)ကျပ်၊ ပဲတီစိမ်းသေး (၄၈၀၀၀-၅၀၀၀၀)ကျပ်၊ ပဲစင်းငုံ (၁၂၄၅၀၀)ကျပ်၊ ပဲနီလုံးရိုးရိုး (၄၅၀၀၀-၄၆၀၀၀)ကျပ်၊ ပဲနီလုံးကြား (၅၁၀၀၀)ကျပ်၊ ပဲယင်းဝါ (၄၁၀၀၀-၄၃၀၀၀)ကျပ်၊ ပုဂံပဲ (၈၇၀၀၀)ကျပ်၊ CP ပြောင်းဖူးစေ့ (၁၅၀၀၀)ကျပ်၊ ပြောင်းနီ (၂၂၀၀၀)ကျပ်၊ ကုလားပဲဖြူလုံးကြီး (၈၂၅၀၀)ကျပ်၊ ကုလားပဲဖြူလုံးသေး (၈၄၅၀၀)ကျပ်၊ ကုလားပဲ 929 (၈၀၀၀၀) ကျပ်၊ ပဲလွန်းပြာ (၅၇၀၀၀)ကျပ် ပေါက်ဈေးရှိကြောင်းသိရသည်။ ယခင်အပတ် ကာလတူအချိန်ပေါက် ဈေးနှုန်းများမှာ ဂျုံဖြူသန့် (၅၀၀၀၀-၅၂၀၀၀)ကျပ်၊ ဂျုံထွက်တိုး (၄၂၀၀၀)ကျပ်၊ ပဲကြီး (၈၆၀၀၀-၈၉၀၀၀)ကျပ်၊ မတ်ပဲ (၉၀၀၀၀)ကျပ်၊ ပဲတီစိမ်းသေး (၄၈၀၀၀) ကျပ်၊ ပဲစင်းငုံ (၁၂၀၀၀၀)ကျပ်၊ ပဲနီလုံးရိုးရိုး (၄၆၀၀၀) ကျပ်၊ ပဲနီလုံးကြား (၅၂၀၀၀) ကျပ်၊ ပဲယင်းဝါ (၄၃၀၀၀-၄၅၀၀၀)ကျပ်၊ ပုဂံပဲ (၉၀၀၀၀)ကျပ်၊ CP ပြောင်းဖူးစေ့ (၁၄၇၀၀)ကျပ်၊ ပြောင်းနီ (၂၂၀၀၀) ကျပ်၊ ကုလားပဲဖြူ လုံးကြီး (၇၉၀၀၀)ကျပ်၊ ကုလားပဲဖြူလုံးသေး (၈၀၅၀၀)ကျပ်၊ ကုလားပဲ 929 (၇၇၀၀၀) ကျပ်၊  ပဲလွန်းပြာ (၅၇၀၀၀)ကျပ် ပေါက်ဈေးရှိ၍ ယခုတစ်ပတ်အတွင်း ကာလတူ နှိုင်းယှဉ်ပါက ပဲစင်းငုံ တစ်တင်းလျှင် (၄၅၀၀) ကျပ်၊ CP ပြောင်းဖူးစေ့ တစ်တင်းလျှင် (၃၀၀) ကျပ်၊ ကုလားပဲဖြူလုံးကြီး တစ်တင်း လျှင်(၃၅၀၀) ကျပ်၊ ကုလားပဲဖြူလုံးသေး တစ်တင်းလျှင် (၄၀၀၀)ကျပ်၊ ကုလားပဲ  929 (၃၀၀၀) ကျပ်နှုန်း မြင့်တက်နေပြီး ဂျုံဖြူသန့် တစ်တင်းလျှင် (၂၀၀၀)ကျပ်၊ ဂျုံထွက်တိုး တစ်တင်း (၂၀၀၀)ကျပ်၊ ပဲကြီး တစ်တင်းလျှင် (၃၀၀၀) ကျပ်၊ ပဲနီလုံးကြား တစ်တင်းလျှင် (၁၀၀၀) ကျပ်၊ ပဲယင်းဝါ တစ်တင်းလျှင် (၂၀၀၀)ကျပ်၊ ပုဂံပဲ တစ်တင်းလျှင် (၃၀၀၀)ကျပ်နှုန်း ကျဆင်းနေကြောင်းသိရသည်။

Category: Local News